ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Saturday, July 28, 2012

အစမကောင်းသော ရခိုင်နှင့် ရိုဟင်ဂျာ ပြဿနာ (၅)

မောင်စင်ကြယ်

တစ်

စောမျိုးဆက်ရေ..

အစမကောင်းသော ရခိုင်နှင့်ရိုဟင်ဂျာ ပြဿနာ ကိုကိုယ်တင်ပြခဲ့ရာမှာ ကိုယ့်စိတ်ထဲ ဒီလောက်နဲ့မလုံလောက်သေးဘူးလို့ထင်မိတဲ့အတွက် ကိုယ့်ရဲ့မိတ်ဆွေတွေ ဖြစ်ကြတဲ့ မွတ်ဆလင်မိတ်ဆွေတွေနဲ့ ရခိုင်မိတ်ဆွေတွေနဲ့ပါ ဆက်လက်ပြီး ဆွေးနွေးမေးမြန်းပါတယ်။




ပထမဆုံးမေးမိတာက မွတ်ဆလင်မိတ်ဆွေကိုပါ။ သူက ရခိုင်ဘုရင်တွေလက်ထက်မှာ ပထမဆုံးရခိုင်ပြည်နယ်သားအဖြစ် သတ်မှတ်ချီးမြှင့်ခြင်းခံရတာက ကမန် လို့ခေါ်တဲ့မွတ်ဆလင်ရခိုင်အမျိုးသားတွေ ဖြစ်သတဲ့။ ဒါကို ရခိုင်မိတ်ဆွေကိုမေးကြည့်တော့ သူကလည်းဟုတ်မှန်ကြောင်းပြောပါတယ်။ ဒီကတဆက်ထဲ သက် ဆီရောက်သွားတော့ ရခိုင်အဖွဲ့က ကွယ်လွန်သူ ရှေ့နေ ခိုင်စောထွန်းကိုသတိရမိပါတယ်။ သက် တဦးဘန်ကောက်မြို့ပေါ်မှာရှိကြောင်းသိရတော့ ကိုယ်တို့နှစ်ဦးသား သွားတွေ့ကြပါတယ်။ ဒီအချိန်မှာ သက် ဆရာကအိမ်မှာမရှိပြန်ပါဘူး။


ဆရာကြီးသူရိယဦးသိန်းအောင်ဟာ သူ့ရဲ့ရာဇသင်္ကြန်ဝတ္ထုကြီးမှာ သက်တောင်တန်းမှာ သက်တွေထောင်ထနေလို့ ဘုရင့်အမိန့်တော်ဖြင့် သက်တွေကိုသွားရောက်နှိမ်နင်းရကြောင်းရေးသား ထားတာကို သတိရလို့သွားရှာမိတာပါ။ သက်တောင်တန်းဆိုတာ အခုတော့ ချင်းတောင်တန်းပါဘဲ စောမျိုးဆက်ရေ။

မိတ်ဆွေမွတ်ဆလင်က နောက်ဆုံးပြောပြတာက အနော်ရထာ (အနူယုဒ္ဇါ) ကို ( အနူရသာ) ဆိုတာရယ်၊ ကျန်စစ်သားကို ကျန်း က “လ”၊ စစ်သား က “ကြယ်တာရာ” တဲ့ကွယ်။ အဓိပ္ပါယ်ကတော့ ကြယ်တာရာတွေခြံရံနေတဲ့လ ပေါ့ကွယ်။ ဒါတွေကတော့ မြန်မာအစ တကောင်းကမှာ အခြေချခဲ့တဲ့ အဘိရာဇာ (ကြီးကျယ်သောဘုရင်မင်းမြတ်) နဲ့သားတော် ကံရာဇာကြီး၊ ကံရာဇာငယ်တို့ဟာ ပုဂံခေတ်အထိ အိန္ဒိယသားတို့ရဲ့ အမည်တွေပါလားကွယ်။ တော်ကြာပြောရင်း ပြောရင်း နဲ့က ဗမာ ကနေပြီး မြန်မာ ဆီကိုရောက်သွား ပါဦးတော့မယ်။


နှစ်

စောမျိုးဆက်ရေ..

မိတ်ဆွေရခိုင်အမျိုးသားကြီးနဲ့ ရခိုင်ပြည်နယ်ကိစ္စကိုဆွေးနွေး မိကြပြန်ပါသေးတယ်။

မူဂျာဟစ် နှင့် ရိုဟင်ဂျာ

ရခိုင်ကြီးက ရိုဟင်ဂျာဟာ (လက်နက်မကိုင်တဲ့အဖွဲ့) နဲ့ လက်နက်ကိုင်ပြီးတိုက်ခိုက်တဲ့ (မူဂျာဟစ်) ဆိုတာရှိပါသတဲ့။ နိုင်ငံရေးအဖွဲ့နဲ့ စစ်ရေးအဖွဲ့ပေါ့ကွယ်။ ကိုယ်နဲ့ တိုကျိုမှာတွေ့ခဲ့တဲ့ ရိုဟင်ဂျာရယ်၊ ရခိုင်ပြည်နယ်အရေးမှာ ကင်ဘာရာ (Camberra) သွားပြီးဆန္ဒပြတဲ့ လှမြင့် ဦးဆောင်တဲ့ (ရိုဟင်ဂျာ) ရယ်၊ ပြီးတော့ ဗြိတိန်ပါလီမန်မှာ မီးအိုးသွားဖောက်ခဲ့တဲ့ ထွန်းဖေ ဦးဆောင်တဲ့ (ဂိုဟင်ဂျာ) ရယ်၊ ဒါတွေကလက်နက်မကိုင်ဘဲ ကမ္ဘာကိုသွားပြီး နိုင်ငံရေးလှုပ်ရှားနေတဲ့အဖွဲ့တွေပါ။

ဦးစွာ စစချင်းကတော့ ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ လက်နက်နဲ့စခဲ့ကြတာပါတဲ့။ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အခါ ဘင်္ဂလား (စစ်တကောင်း) နယ်သားတွေဟာ အင်္ဂလိပ်တပ်နဲ့အတူ ရခိုင်ထဲကို အမြောက်အမြား ၀င်ရောက်လိုက်ပါလာခဲ့သူတွေပါဘဲ။ ဒါကြောင့်ဗြိတိသျှပါလီမန်မှာ ရိုဟင်ဂျာထွန်းဖေတယောက် စကားဒေါသူပုန်တွေ ထခွင့်ရခဲ့တာပေါ့ကွယ်။ သူတို့ဟာ ရခိုင်ကိုဝင်လာတဲ့အခါ တဖက်ကဒေသချင်းဆက်စပ်မှုရှိတဲ့ ဘူးသီးတောင်၊ မောင်းတော (မေယုနယ်ခြားဒေသ) မှာ အလုံးအရင်းနဲ့ အခြေစိုက်နေခဲ့ကြပြီး ဒေသခံရခိုင်တွေကို အင်အားနှင့် မောင်းနှင်ထုတ်ခဲ့ကြပါတယ်။ သူတို့ရဲ့လူမျိုးကိုလည်း ဘင်္ဂလားနှင့် စစ်တကောင်းနယ်မှာ မရှိတဲ့ ရိုဟင်ဂျာလို့လဲ ခေါ်ဆိုစေခဲ့ပါတယ်။

ဘူးသီးတောင်၊ မောင်းတောနယ်ထဲကို ၀င်ရောက်လာလို့ အတန်ကြာလာတဲ့အခါ ဒီလူတွေက သူတို့ဟာမြန်မာဘုရင်တွေ လက်ထက်ကတည်းက ရှိလာခဲ့ပါတယ်လို့ဝါဒဖြန့်ပြီး ဘူးသီးတောင်နဲ့ မောင်းတောနယ်ကို သီးခြားမွတ်ဆလင်နယ်မြေအဖြစ် ရထိုက်ကြောင်းတောင်းဆိုပါတော့တယ်။ ပထမဆုံးတောင်းဆိုတဲ့ အဖွဲ့ကတော့ ဂျမီးရာတူဦးလိမာ ဆိုတဲ့ အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့ကဘဲ လျှို့ဝှက်စွာနဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မူဂျာဟစ် ကိုဖွဲ့စည်းပြီးတဲ့နောက်မှာ အဗ္ဗဒူလ်ကာဆင် ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီး အဲဒီနယ်မှာအကြမ်းဖက်စေခဲ့တာဖြစ်ပါတယ်တဲ့။

ရခိုင်လူမျိုးတွေအပေါ်မှာ မူဂျာဟစ်တွေဟာလူမျိုးရေးအရ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်းတို့ကြောင့် တပ်မတော်မှ ၁၉၅၁ ခုနှစ်မှစပြီးတိုက်ခိုက်လာခဲ့သော်လည်း တပ်မတော်ပြန်သွားပြီးတဲ့နောက်မှာ ဒီအတိုင်းအကြမ်းဖက်ဆကလက်ကျူးကျော်ကြပြန်ပါတယ်း။ ၁၉၅၂ ခုနှစ်ရောက်တော့ တပ်မတော်က မေယုစစ်ဆင်ရေး အမည်နဲ့ မူဂျာဟစ်ဌာနချုပ်တည်ရာ လက်ပန်တောင်ကို စစ်ဆင်တိုက်ခိုက်ရာမှာ အဗ္ဗဒူလ်ကာဆင်ရဲ့ အင်အား များစွာနည်းပါးသွားပါတော့တယ်။ အဲဒီကတဆင့် ၁၉၅၄ ခုနှစ်ရောက်တဲ့အခါ မူဂျာဟစ်တို့ရဲ့အခိုင်အမာစခန်းတည်ရှိရာ ဘူးသီးတောင်၊ မောင်းတောနယ်ကို မုတ်သုန်စစ်ဆင်ရေးဆင်နွှဲပြန်ရာ ပုန်းအောင်းနေတဲ့ကာဆင်ဟာ ဘင်္ဂလားဒေ့ရှ် နယ်ထဲကိုဝင်ပြေးသွားပြီး ကာနယ်စီဘာလ်ရော်ရှင်း၊ မေဂျာအာဘတ်၊ မေဂျာ မူစတော်ဖီတို့ဟာ ကာစင်ကို အမွေဆက်ခံရာမှအသေဖမ်းဆီးမိကြပါတယ်။ ၁၉၅၅၊ ၅၆၊ ၅၇၊ ၅၈ ခုနှစ်များ အရောက်မှာတော့ မူဂျာဟစ်တွေဟာဓားပြတွေ၊ မှောင်ခိုတွေအဆင့်ကို ရောက်သွားပြီး ၁၉၈၈ ခုနှစ်ရဲ့နောက်ပိုင်းတွေမှာ တဖန် ရိုဟင်ဂျာအမည်တွေနဲ့ နိုင်ငံတကာကိုပါရောက်ရှိလာပြီး ခုလိုနိုင်ငံရေးလောကမှာ ကပြကြတာပဲဖြစ်ပါတယ်ကွယ်။

မူဂျာဟစ်နဲ့ ရိုဟင်ဂျာတွေအကြောင်းတွေအပြင် ပုဂံခေတ်နဲ့၊ ရခိုင်ဘုရင်တွေအကြောင်း ပါသိရတာ ကျေးဇူးပါဘဲ အန်ကယ်ရယ်။ ဒါနဲ့ အန်ကယ်ရဲ့မိတ်ဆွေ မွတ်ဆလင်နဲ့ ရခိုင်ကြီးတို့က နိဂုံးချုပ်မှာဘာတွေများ ပြောကြပါသေးသလဲအန်ကယ်။

အေးကွယ်၊ စောမျိုးဆက်မေးမှသတိရတော့တယ်။ သူတို့နှစ်ယောက်လုံးက ရယ်မောပြီးပြောကြတယ်ကွယ့်။

ပြောပါဦးအန်ကယ်။

မွတ်ဆလင်ကြီးက ရခိုင်နဲ့မြွှေပွေးတွေ့တဲ့အခါ ရခိုင်ကိုအရင်ရိုက်ဆိုတာက လူပုဂ္ဂိုလ်ရခိုင်ကိုအရင်ရိုက်ခိုင်းတာမဟုတ်ဘူးတဲ့၊ ရခိုင်ငှက်ပျောသီးကအမှည့်လွယ်တယ်။ ဒါကြောင့်အရင်ဆွတ်၊ အရင်ခုတ်ခိုင်းတာဖြစ်တယ်တဲ့။ မြွေပွေးက သူ့ကိုမထိမချင်း သူဘာမှမလုပ်ဘူးတဲ့ကွယ်။

ဒါနဲ့ရခိုင်ကြီးကကော အန်ကယ်။

ကုလားမနိုင် ရခိုင်မဲ ဆိုတာကအသံထွက်လဲမှားကြတော့ အဓိပ္ပါယ်ကောက်ယူရာမှာတောင်မှားပါသတဲ့၊ အသံထွက်အစစ်အမှန်က “မဲ” မဟုတ်ဘဲ “မေး” တဲ့၊ ကုလားကိုမနိုင်ရင် ရခိုင်ကိုမေးပါ တဲ့ကွယ်။

ဟုတ်ကဲ့၊ နားလည်ပါပြီအန်ကယ်။

သူတို့နှစ်ယောက်ပြောတာတွေနားထောင်ရတော့ ကိုယ်တို့ရဲ့ဆရာသမား ရခိုင်အမျိုးသားစာရေးဆရာကြီး တက္ကသိုလ် နန္ဒမိတ် (မြ၀တီအယ်ဒီတာချုပ်) ပြောတဲ့ ရခိုင်နဲ့မြန်မာ ပုံပြင်တောင်မပြောပြဖြစ်တော့ဘူး။

ဒါဆို ကျွန်တော့ကိုသာပြောပြပါတော့ အန်ကယ်။

တနေ့တော့အလွန်ရိုးသားတဲ့တောသားရခိုင်ကြီးဟာ ဗမာရွာကိုရောက်လာတယ်။ ဗမာတွေမွေးပြီး အုပ်ဆောင်းတွေနဲ့ထားတဲ့ လင်းတကြီးကို ရခိုင်ကြီးက ကြက်ဖကြီးထင်မှတ်ပြီး ဗမာမိတ်ဆွေထံ မရမကတောင်းဝယ်ပါတယ်။ သူအိမ်ပြန်ရောက်တော့ ရေတွေတိုက်၊ အစာတွေကျွေးပြီး အရိပ်တကြည့်ကြည့်နဲ့ပေါ့ကွယ်။ ရက်တွေလတွေကြာတဲ့အထိ သူ့စိတ်အထင်၊ သူ့ကြက်ဖကြီးဟာအစာလဲမစား၊ ရေလဲမသောက်ဆိုတော့ သူ့ကြက်ဖကြီးဟာ ဗမာပြည်နဲ့ဗမာရွာကိုလွမ်းလို့ ခုလိုအစာမစား၊ ရေမသောက်တာပဲဖြစ်ရမှာပဲတဲ့၊ ဒီတော့  ရခိုင်ကြီးကသူ့ကြက်ဖကြီး (လင်းတကြီး) ကို ခုလိုပြောရှာသတဲ့ကွယ်။ 

ဘယ်လိုများလဲ အန်ကယ်၊ ပြောပါဦး။

ကွတ် ကွတ်လဲမမြည်၊ ဆန်စေ့လဲမစား၊ အမောင်ဗမာပြည်လွမ်းသလားတဲ့။


မောင်စင်ကြယ်

  

1 comment:

Anonymous said...

Please put on the facebook social networking place.