ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Friday, December 21, 2012

ကြေးနီစီမံကိန်းနှင့် KIA တိုက်ပွဲ ဆက်စပ်မှု စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောနှင့် အင်တာဗျူး

ဒီဇင်ဘာလ 20 ရက် 2012 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး


ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသည့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင်ကြးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက် ဆန္ဒပြမှုများ လွန်ခဲ့သည့်ဝင်ဘာလအတွင်းက ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ အပြီး ယခုလဆန်းပိုင်းမှစ၍ ကချင်ပြည်နယ် အတွင်း အစိုးရတပ်နှင့် KIA အဖွဲ့တို့အကြား နှစ်ဘက် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့သည် ။

ထိုသို့ ဖြစ်ရခြင်းမှာ ကြေးနီစီမံကိန်းကန့်ကွက်မှုများအပေါ် တရုတ်ပြည်မှ မကျေနပ်သဖြင့် KIA အဖွဲ့ကိုထောက်ခံအားပေးနေ ၍ဖြစ် ကြောင်း ပြည်သူလူထုအကြား သတင်းများ ထွက်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ တရုတ် နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောနှင့် တွေ့ဆုံးမေးမြန်း ထားချက်များအား တင်ပြလိုက်ပါတယ်။

Wednesday, December 19, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။

အပိုင်း (၃)
အောင်ထူး (ရှေ့နေ)



ဥပဒေစိုးမိုးရေးကို “ နိုင်ငံတော် ” ရှုဒေါင့်မှ အဓိက မဟုတ်ဘဲ လူထုရသင့်ရထိုက်သည့် အခွင့်အရေး အခြေခံမှအဓိကချဉ်းကပ်ရန်ကို၎င်း၊ ပထမဆုံးအနေဖြင့် “ လယ်လုပ်သူ လယ်ပိုင်ခွင့်” အား အသိ
အမှတ်ပြုရန် ကို၎င်း၊ စာရေးသူ၏ ဆောင်းပါးအမှတ် (၁) နှင့် (၂) တို့တွင်ဖေါ်ပြခဲ့သည်။ အသက်ရှင်ရပ်တည်ခွင့်၊ ပညာသင်ကြားခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့် စသည်များ မှာ တဦးချင်းအခွင့်အရေးများဖြစ်သည်။ “ လယ်လုပ်သူ လယ်ပိုင်ခွင့်” သည်လည်း တဦးချင်းအခွင့်အရေးဖြစ်သည်။


Tuesday, December 18, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြဿနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း


အပိုင်း (၂)

အောင်ထူး (ရှေ့နေ)
ဒီဇင်္ဘာလ (၁၄) ရက် ၂၀၁၂ ခုနှစ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မူလ,က လုပ်ကိုင်လျှက်ရှိသောသတ္တုတွင်းဝန်ကြီးဌာန, နှင့်
အိုင်ဗင်ဟိုးကုမ္ပဏီတို့က, ဦးပိုင် နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ကို ရောင်းချခဲ့ပြီးဖြစ်သဖြင့် ယခုဖြစ်နေသောပြဿ
နာမှာ နိုင်ငံတော်နှင့် လက်ပံတောင်းတောင်လူထုအကြားရှိ ပဋိပက္ခမဟုတ်၊ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီ တို့
က,တဘက် လက်ပံတောင်းတောင်လူထုက,တဘက် ဖြစ်ပွားနေသော ပဋိပက္ခသာဖြစ်သည်ဟူ၍ လမ်း
ကြောင်းလွှဲသည့် ထောက်ပြချက်တရပ်ပေါ်ထွက်လာသည်ကို သတိပြုမိသည်။ ဤသည်မှာ မှန်ပါသလား။ အထက်ပါ လမ်းကြောင်းလွှဲသည့်ထောက်ပြချက်မှာ အတော်ပင်ပညာသားပါပါသည်။


Monday, December 17, 2012

လက်ပံတောင်းတောင်အရေး နှင့် မြေယာပြသနာအပေါ် ဥပဒေစိုးမိုးရေးရှုဒေါင့်မှ သုံးသပ်ခြင်း။

 အပိုင်း (၁)

အောင်ထူး (ရှေ့နေ)

လက်ပံတောင်းတောင် အရေးသည် အမှိုက်ကစ ပြသာဒ် မီးလောင်ခြင်း မဟုတ်ပါ။ ပြသာဒ်ကြီး တခုလုံးကို လောင်နေသော မီးကျီးခဲသည် အမှိုက်ကလေးတစကို ထပ်မံရှို့မိပြီး ထတောက်လာခြင်းသာ ဖြစ်သည်။ ပြသာဒ်ကြီး တခုလုံးကို လောင်နေသော မီးကျီးခဲ ကို စနစ်တကျ ငြိမ်းသတ်နိုင်မှသာ လက်ပံတောင်းကဲ့သို့ မီးတောက်ကလေးများ တပြည်လုံး တွင် အလိုလို ငြိမ်းသွားပါ မည်။ ဤသည်ကို ရှင်းပါမည်။


Wednesday, December 12, 2012

"အလောင်းပေါ်ကအင်္ကျီမှာ အိတ်ကပ်မပါလို့ပါ"











သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစု တစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ ခုနှစ်မှာ သူ့အသက် (၈ဝ) ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ပါတယ်။

နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကလည်းဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့ပတ်ထားတဲ့ နာရီကလည်း မြေအာက်ဘူတာ တစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ဘေလ်တွေကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။

ဒီလောက်ဆင်းရဲတဲ့ အမေရိကန်အဘိုးကြီးတစ်ယောက်အကြောင်း ဘာများပြောစရာရှိသလဲလို့ သင်အံ့သြကောင်း အံ့သြလိမ့်မယ်။ သူလုပ်ခဲ့သမျှကို ကျွန်တော်တို့ အရင်ကြည့်ရအောင်.....


Sunday, December 2, 2012

M. ထက်ခေါင် ရဲ့ရင်ခုန်သံကိုကောက်နှုတ်ခံစားခြင်း

ကြောက်တတ်ရင် နောက်ထပ်သေကြရလိမ့်မယ် မှ -










ဝန်ကြီးဦးအောင်မင်းနှင့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုသူများ တွေ့ဆုံကြသည့် ရုပ်သံသတင်းမှာ စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများမှလွဲ၍ အများပြည်သူလူထု အတွက် အတော်ပင် ကြည့်ကောင်းလှသည့် သတင်းဖြစ်သည်။  ဆရာတော် သံဃာတော်များကို အမှူး ထား၍ နှစ်ဘက် လျှောက်ထားဆွေးနွေးပြောဆိုကြခြင်း ဖြစ်၏။   စီမံကိန်းကို လုံးဝဖျက်သိမ်းရမည့် ကိစ္စ နှင့် ပတ်သက်၍ ဒေသခံ ရွာသူကလေး၏ ပြောကြားမှုများကို ၀န်ကြီး ဦးအောင်မင်း မည်သို့မျှ စောဒက တက် မချေပနိုင်ပဲ၊ ဤကိစ္စမှာ ဟိုယခင် စစ်အစိုးရလက်ထက်ကတည်းက လုပ်လာခဲ့သည့်ကိစ္စ ဖြစ် ကြောင်း၊ (သူတို့အဖွဲ့နှင့် မဆိုင်ရကြောင်း ပြောလိုခြင်း ဖြစ်ပုံရသည်။) သူတို့မှာ တရုတ်ကိုလည်း ကြောက်နေရကြောင်း၊ မြစ်ဆုံစီမံကိန်းတခုတည်းကိုပင် ဖျက်သိမ်းလိုက်မည် ဆိုပါက   တရုတ်ကို ဒေါ်လာ သန်း ၃ထောင်ခန့် ပေးလျော်ရမည် ဖြစ်ကြောင်း၊ တပည့်တော်တို့ဘက်ကို ထောက်ထား နားလည်စေ လိုကြောင်း၊ တပည့်တော်တို့ကလည်း တရုတ်ရဲ့ ကျေးဇူးကို ထောက်ထားရကြောင်း၊