ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Tuesday, October 28, 2014

နော်အုန်းလှသို့ ဦးညွတ်ခြင်း

နော်အုန်းလှသို့ ဦညွတ်ခြင်း
ခိုင်မာကျော်ဇော
---------------------------------
ခမောက်တချပ်
လွယ်အိတ်တလုံးနဲ့ 
အမြဲပြုံးနေတတ်တဲ့ 
အုန်းလှဆိုတဲ့ ကရင်မကို 
အားကျကြစမ်းပါ။

အဲ့ဒီမိန်းမဟာ 
ပညာတွေ အများကြီးမတတ်ပေမယ့်
ကရင့်အရေး သူ့ အရေး
လူထုအရေး သူ့ အရေး
တိုင်းပြည်အရေး သူ့ အရေးလို့ အမြဲသတ်မှတ်
ဘ၀တခုလုံးကို ထိုးအပ်ထားတဲ့သူ။

အမှန်တရားကို ချစ်တတ်တာလည်း
စံထားလောက်တယ်။

နေ့ မအား ညမအား
ထမင်းမစား ဟင်းမစား
လူမျိုးမခြား ဘာသာမခြား 
မြွေမကြောက် ကင်းမကြောက်
ထောင်မကြောက် တန်းမကြောက်
အမှန်တရားအတွက်ဆို 
တယောက်ထဲလည်း လျောက်ရဲတဲ့သူ။

ကရင်တွေထဲမှာတော့
တယောက်ဆို တယောက်
ဦးညွတ်လောက်တဲ့
ရဲရဲတောက်တဲ့ အာဇာနည်မ
အဲ့ဒါ နော်အုန်းလှ။

--------------------------------
ငြိမ်းချမ်းရေးဆုရှင် နော်အုန်းလှအား ဤကဗျာဖြင့် ဦးညွတ်ဂုဏ်ပြုပါတယ်
(အောက်တိုဘာ ၂၇၊ ၂၀၁၄)
 

ခမောက်တချပ်
လွယ်အိတ်တလုံးနဲ့ ...
အမြဲပြုံးနေတတ်တဲ့
အုန်းလှဆိုတဲ့ ကရင်မကို
အားကျကြစမ်းပါ။

အဲ့ဒီမိန်းမဟာ
ပညာတွေ အများကြီးမတတ်ပေမယ့်
ကရင့်အရေး သူ့ အရေး
လူထုအရေး သူ့ အရေး
တိုင်းပြည်အရေး သူ့ အရေးလို့ အမြဲသတ်မှတ်
ဘ၀တခုလုံးကို ထိုးအပ်ထားတဲ့သူ။
အမှန်တရားကို ချစ်တတ်တာလည်း
စံထားလောက်တယ်။
နေ့ မအား ညမအား
ထမင်းမစား ဟင်းမစား
လူမျိုးမခြား ဘာသာမခြား
မြွေမကြောက် ကင်းမကြောက်
ထောင်မကြောက် တန်းမကြောက်
အမှန်တရားအတွက်ဆို
တယောက်ထဲလည်း လျောက်ရဲတဲ့သူ။
ကရင်တွေထဲမှာတော့
တယောက်ဆို တယောက်
ဦးညွတ်လောက်တဲ့
ရဲရဲတောက်တဲ့ အာဇာနည်မ
အဲ့ဒါ နော်အုန်းလှ။

ခိုင်မာကျော်ဇော

--------------------------------
ငြိမ်းချမ်းရေးဆုရှင် နော်အုန်းလှအား ဤကဗျာဖြင့် ဦးညွတ်ဂုဏ်ပြုပါတယ်
(အောက်တိုဘာ ၂၇၊ ၂၀၁၄)

Monday, October 27, 2014

မငြိမ်းချမ်းရေး၏ အရသာ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုတာကြီးကို ဗမာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေး နေကြတာ အခုဆို စတုတ္ထမူကြမ်းအဆင့်ကို ရောက်လာပါပြီ။ ဒီအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ၃၇ ခု လက်မှတ်ထိုးပြီးထားပြီး ကုန်ကျစရိတ်အနေနဲ့ ကျပ်သန်း ၃၅၀ ကျော် အပြင် နိုင်ငံတကာ (ဂျပန်၊ ကုလ၊ နော်ဝေ နဲ့ ဥရောပ) က ဒေါ်လာ ၁၁ သန်းကိုပါ ဖြုန်းထားပြီးဖြစ်တယ်။ ဒါပေမဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲဟာ ရှေ့ဆက်မတိုးနိုင်တော့ဘူး ဖြစ်နေပါပြီ။ ဘာကြောင့်လဲ။
 

Sunday, October 26, 2014

ငြိမ်းချမ်းရေး ... ဈေးကြီးသလား ...

 (Myanmar Times)

ကုန်ကျစရိတ် အလွန်များတဲ့ ငြိမ်းချမ်းရေးအသုံးစရိတ်အတွက် ကုန်ကျစရိတ်တွေကို နိုင်ငံတကာ...ကနေ မျက်နှာအငယ်ခံရယူ ဆောင်ရွက်နေ ပေမယ့် အလှူငွေကို အပြည့်အ၀မရကြောင်း၊ တစ်နိုင်ငံလုံး အပစ်ရပ်
စဲရေး လက်မှတ်ရေးထိုးနိုင်မှသာ အလှူရှင်တွေက အလှူငွေအပြည့် အ၀ ထည့်ဝင်မှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးဝန်ကြီး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြီးခဲ့တဲ့တနင်္လာနေ့က ပြုလုပ်တဲ့ ပြည်ထောင်
စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တွေကို အသိပေး လိုက်ပါတယ်။


Saturday, October 25, 2014

တပ်မတော်မူ(၆)ချက်ဆိုတာ ဘာလဲ

U Ravika

၂၀၁၃ ခုမှာ မင်းအောင်လှိုင်က တပ်မတော်မူ(၆)ချက်ဆိုပြီး ပြောလာပါတယ်။ တပ်မတော်မူ (၆)ချက်ဟာ တိုင်းရင်းသားတို့အတွက် အထူးအဆန်းမဟုတ်ပါ။ ဖြတ်ေ...လးဖြတ်ကနေ မြစ်ဖျားခံလာတဲ့ ဖိနှိပ်ရေးမူများသာ ဖြစ်ကြောင်း သိသင့်တယ်။ စိတ်ပါဝင်စားသူများ လေ့လာထားသင့်ပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်းက ၁၉၆၂ - ခုနှစ်မှာ အာဏာသိမ်းပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ချေမှုန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီတုန်းက အင်အားအကြီးဆုံးမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ပါပဲ။ ဒါပေမဲ့ ဒီနှစ်ဖွဲ့ကိုပဲ ချေမှုန်းချင်ခဲ့တာ မဟုတ်ပါဘူး။ အခြားအဖွဲ့တွေကိုလည်း နည်းတူ ချေမှုန်းရေးနည်းဗျူဟာများ ချမှတ်ခဲ့ပါတယ်။

Wednesday, October 22, 2014

ဒါလားဟဲ့ ကရင်တွေ - ဘာတွေဖြစ်ကုန်ကြပြီလဲ..


DKBA ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး တာဝန်ကရပ်စဲ

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘော တပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူး ကြီး စောဆန်းအောင်ကို ၂၁. ၁၀. ၂၀၁၄ နေ့စွဲနဲ့ တာဝန်မှရပ်စဲကြောင်းနဲ့ အဖွဲ့ဝင်အဖြစ်မှထုတ်ပယ်လိုက်ကြောင်း DKBA က စာထုတ်ပြန်ပြီး ကြေညာလိုက်ပါတယ်။

အမိန့်ထုတ်ပြန်စာထဲမှာလက်မှတ်ရေးထိုးထားသူကတော့ ဗိုလ်ချုပ်ကြီးစောလားပွယ်ကိုယ်စား ဗိုလ်ချုပ်မိုရှေးဖြစ်ပါတယ်။

ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့  အစိုးရ တပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူး ကြီး စောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင်  ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြော ပါတယ်။

"ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ ကျိုက်မရော မြို့နယ်ထဲ မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အဓိကတာဝန်ပေးတာက ဒုဗိုလ်မှူးကြီး စော ဆန်းအောင်မှာ တာဝန်ရှိပါတယ်၊ အဲ့ဒါလာရောက်ဖြေရှင်းဖို့အတွက် ဖုန်းနဲ့ဆင့်ခေါ်ပေမဲ့ ပျက်ကွက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သူကိုဒီတာဝန်တွေကို ရုပ်သိမ်းပြီးတော့ အဖွဲ့အစည်းက ထုတ်ပယ်တာဖြစ် ပါတယ်"

အစိုးရနဲ့ ဒီကေဘီအေ တပ်တွေအကြား အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားစေပြီး ငြိမ်ချမ်းရေးကို ထိခိုက်ပျက်ပြားစေနိုင်တဲ့အတွက် အဖွဲ့အစည်းတစ်ခုလုံး တာဝန်ယူဖြေရှင်းဖို့ တာဝန်ရှိတာကြောင့် အခုလို ထုတ်ပယ်လိုက်တာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တချို့အကြား ပစ်ခတ်မှုတွေ ၃ ရက်ကြာ ဖြစ်ပွားခဲ့တာပါ။
 
တိုက်ဆိုင်မှုတခုကတော့  ၄င်းအမိန့်စာထုတ်ပြန်သောရက်သည် ဖူးတာသီး ခေါ် စောတူးတူးလေး အပါအ၀င် ကေအဲန်ုယူခေါင်းဆောင်များဒီကေဘီအေခေါင်းဆောင်များနှင့်သွားရောက်တွေ့ဆုံသောနေ့ရက်ဖြစ်နေခြင်းဖြစ်ပါသည်။
 
 

နိုင်ငံတကာကရင်အမျိုးသားအဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း




International Karen organization

The International Karen Organization, consisted of Karen communities living in the Asia-Pacific region, Europe, and North America, was formed on September 20th, 2014. The IKO will work directly with Karen communities and organizations inside Burma, as well as on the Thai-Burma border, in order to inform and educate international community about the conditions regarding peace and conflict, human rights, and sustainable development in Karen State. Likewise, the IKO will work with other communities and organizations from other ethnic nationalities to achieve the establishment of a genuine democratic federal union of Burma based upon the principles of equality, justice, and self-determination.

The IKO will work with Karen communities in more than 30 countries to uphold the Karen values and aspirations as well as maintain and promote the Karen culture, literature, language, and traditions. Finally the IKO will work closely with Karen National Union, a genuine representative organization of the Karen people to achieve a lasting peace and political settlement after 65 years of civil war in Burma while upholding the principles of Saw Ba U Gyi.

The first International Karen Organization Executive Committee by Founding group.
Asia & Pecific Region: Saw A Ganemy Kunu, Mahn Orlando, San Lwin, Ester Kyaw, Ni Ni, Saw Lwin Oo, Aggga Poe Chit
European Region: Zaw Naw, Margret Hla Htoo, Choo Day Charles, Myint Aung, Hsa La K’ Paw, Eh Htee Kaw, Htoo Ku Hsa Say
North America Region: Slone Phan, Harold Cribb, Raymond Tint, Mahn Thaung Tin, Myra Dahgaypaw

President: Saw A Ganemy Kunu
Vice Presidents: Mahn Thaung Tin and Zaw Naw
General Secretary: Naw Myra Dahgaypaw
Joint Secretaries: Agga Poechit,Saw Eh Htee Kaw
Spokespersons: Mahn Orlando (Burmese and Karen language)
Naw Htoo Ku Hsa Say and Naw Myra Dahgaypaw (Karen and English language)
Information and Media Sub-Committee Chairman: Harold Cribb
Sub-Committee Members: Htoo Ku Hsa Say, Slone Phan, Kabaw and Agga Poechit

 "IKO Welcome all Karen around the world to support Karen Self-determination struggle and Federalism by any way all level that you can join "

Tuesday, October 21, 2014

ကြံ့ပြေးကိုကျုပ်စိန်ခေါ်သည်


မာနယ်ပလော - စောစော

စိန်ခေါ်ချက် - အမှတ်စဉ် (၁)

နောက်ခံသမိုင်း

ခါနွေနှောင်းဟောင်းရွက်ကယ်ကြွေလွင့်ချိန်ခါမို့ မနက်ခင်းနေရောင်ခြည်အောက်မှ သောင်ရင်းမြစ်ရေသည် ကြည်လင်ကာပြာလဲ့လဲ့ရှိနေ၏။ စက်လှေမောင်းဆရာနှင့်ကျွန်တော်နှစ်ဥိးတည်းသာ စီးနင်းလိုက်ပါ လာသော လှေသည် မနှေးမမြန်ပုံမှန်မောင်းနှင်လာပြန်သဖြင့် သောင်းရင်းမြစ်နွေနှောင်းကာလ သဘာဝ အလှကို ခရီးလမ်းတလျှောက်လုံးမြင်လာခဲ့ရပြန်သဖြင့် ဦးနှောက်အာရုံထဲမှ တာဝန်နှင့်ဝန်ထုပ်ဝန်ပိုးတချို့ အလိုလို လွင့်စင်ပေါ့ပါးသွားလေသယောင်။

ဒီနေ့သည် (၁၀) ကြိမ်မြောက်ကရင့်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲကြီးစတင်မည်ဖြစ် သည်။  ကရင့်လက်နက်ကိုင်တော်လှန်ရေးနယ်မြေမို့ ခရိုင်(၇)ခုနှင့် တပ်မဟာ (၇)ခုမှကိုယ်စားလှယ် တော်များ၊ ပြည်တွင်းပြည်ပ နယ်စပ်အနှံ့မှ ကရင့်အဖွဲ့အစည်းများမှကရင့်ကိုယ်စားလှယ်များ ပြန်လည် ဆုံဆည်းကြမည်ဖြစ်၍ ကြည်နူးပီတိဖြစ်ရပြန်ပါသည်။

KNU ကို လုပ်ကြံရန် ကြံစည်မှုကြီး


(အပိုင်း-၁)

ဖူးတာမူးရေးသည်

စာရေးသူသည် စာရေးခဲလှသည်။ ယခုအခါ KNU နှင့် ကရင့်တော်လှန်ရေး ခေါင်းဆောင်မှုအတွင်း အမြင်မတူမှု များဖြစ်ပေါ်လာကာ မျိုးချစ်ကရင်လူထုတွင်သာမက အခြားညီအကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း အတွင်း ဂယက်ရိုက်မှု ဖြစ်လာရသည့်အပေါ် တိတ်ဆိတ်ငြိမ်သက်၍ မနေနိုင်တော့သည့်အတွက် တာဝန်သိ မျိုး ချစ်တော်လှန်ရေးသမားတဦးအနေနဲ့ ယခုဆောင်းပါးကို စတင်ရေးသားခြင်းသာဖြစ်ကြောင်း အစီရင်ခံအပ်ပါ သည်။ ဤသို့ရေးရာတွင် မည်သည့်ကလောင်နာမည်ကို ရွေးရန် စဉ်းစားရာတွင် မိမိဆောင်းပါးသည် ကရင့် တော်လှန်ရေးနှင့် ကရင့်တမျိုးသားလုံးကို သေတွင်းသို့မပို့မူဘဲ အမျိုးသားရေးအရ၊ နိုင်ငံရေးအရ ကရင့်အနာဂါတ်ဆက်လက်ရှင်သန်၍ ကမ္ဘာဆုံးတိုင် ကရင်လူမျိုးအဖြစ် အများနည်းတူ တန်းတူအခွင့်အရေးနှင့် ရှင်သန် ရပ်တည်ရေးကို မျှော်မှန်း၍ “ဖူးတာမူး” ဟူသော ကလောင်နာမည်ကို ရွေးချယ်ခြင်းဖြစ်ပါသည်။

အခန်း (၁)

ကရင့်တော်လှန်ရေးဝိသေသလက္ခဏာများ

ကရင့်တော်လှန်ရေးသမားတဦးသည် ကရင့်တော်လှန်ရေး၏၀ိသေသလက္ခဏာများကို အသေအချာသိမြင်ရန်၊ လက်ခံရန်၊ ကျင့်သုံးရန် လိုအပ်ပါသည်။ ကရင့်တော်လှန်ရေးသည် တရားသောတော်လှန်ရေးဖြစ်သည်။ အဘယ်ကြောင့်မူ ကရင့်တော်လှန်ရေးမစမှီ ၁၁/၀၂/၄၈ နေ့တွင် မြန်မာတပြည်လုံး ကရင်လူမျိုး (၄)သိန်းကျော် ဆန္ဒပြပွဲ၏ ကြွေး ကြော်သံကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။