ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Wednesday, October 22, 2014

ဒါလားဟဲ့ ကရင်တွေ - ဘာတွေဖြစ်ကုန်ကြပြီလဲ..


DKBA ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး တာဝန်ကရပ်စဲ

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA က ကလိုထူးဘော တပ်ဖွဲ့ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူး ကြီး စောဆန်းအောင်ကို ၂၁. ၁၀. ၂၀၁၄ နေ့စွဲနဲ့ တာဝန်မှရပ်စဲကြောင်းနဲ့ အဖွဲ့ဝင်အဖြစ်မှထုတ်ပယ်လိုက်ကြောင်း DKBA က စာထုတ်ပြန်ပြီး ကြေညာလိုက်ပါတယ်။

အမိန့်ထုတ်ပြန်စာထဲမှာလက်မှတ်ရေးထိုးထားသူကတော့ ဗိုလ်ချုပ်ကြီးစောလားပွယ်ကိုယ်စား ဗိုလ်ချုပ်မိုရှေးဖြစ်ပါတယ်။

ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့  အစိုးရ တပ်တွေနဲ့ ပစ်ခတ်မှုတွေမှာ ဒုတိယဗိုလ်မှူး ကြီး စောဆန်းအောင်က အဓိက တာဝန်ရှိတဲ့အပြင်  ဌာနချုပ်ကိုလာရောက်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် တာဝန်ကရပ်စဲလိုက်တာဖြစ်တယ်လို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးထွန်းထွန်းက ပြော ပါတယ်။

"ပြီးခဲ့တဲ့လ ၂၆ ရက်နေ့ ကျိုက်မရော မြို့နယ်ထဲ မှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အဓိကတာဝန်ပေးတာက ဒုဗိုလ်မှူးကြီး စော ဆန်းအောင်မှာ တာဝန်ရှိပါတယ်၊ အဲ့ဒါလာရောက်ဖြေရှင်းဖို့အတွက် ဖုန်းနဲ့ဆင့်ခေါ်ပေမဲ့ ပျက်ကွက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ သူကိုဒီတာဝန်တွေကို ရုပ်သိမ်းပြီးတော့ အဖွဲ့အစည်းက ထုတ်ပယ်တာဖြစ် ပါတယ်"

အစိုးရနဲ့ ဒီကေဘီအေ တပ်တွေအကြား အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးနေချိန်မှာ တိုက်ပွဲတွေ ပြန် လည်ဖြစ်ပွားစေပြီး ငြိမ်ချမ်းရေးကို ထိခိုက်ပျက်ပြားစေနိုင်တဲ့အတွက် အဖွဲ့အစည်းတစ်ခုလုံး တာဝန်ယူဖြေရှင်းဖို့ တာဝန်ရှိတာကြောင့် အခုလို ထုတ်ပယ်လိုက်တာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရတပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တချို့အကြား ပစ်ခတ်မှုတွေ ၃ ရက်ကြာ ဖြစ်ပွားခဲ့တာပါ။
 
တိုက်ဆိုင်မှုတခုကတော့  ၄င်းအမိန့်စာထုတ်ပြန်သောရက်သည် ဖူးတာသီး ခေါ် စောတူးတူးလေး အပါအ၀င် ကေအဲန်ုယူခေါင်းဆောင်များဒီကေဘီအေခေါင်းဆောင်များနှင့်သွားရောက်တွေ့ဆုံသောနေ့ရက်ဖြစ်နေခြင်းဖြစ်ပါသည်။
 
 

No comments: