ရည်ရွယ်ရာ..

ဤနေရာကား ခင်မင်သူမိတ်ဆွေသင်္ဂဟများ၏ ကိုယ်တွေ့ဘ၀ဖြတ်သန်းမှုများနှင့် ရင်တွင်းဖြစ်ဘ၀အတွေးအမြင်များ၊ အမျိုးသားရေး၊ နိုင်ငံရေးအသိအမြင်များအား နားခို ဖူးပွင့် ခွင့်ပြုရာနေရာလေး ဖြစ်ပါသည်။ အဆွေရဲ့ ခံစားမှု၊ အတွေး အမြင်များအား သီကုံးဝေမျှလိုပါက sawlu27@gmail.com သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

Wednesday, November 5, 2014

ကိုးကိုးကျွန်းမှာ ပြန်ရေးပါ

ရဲဘော်ဖန်းရှောင်း
လမ်းပြောင်းသွားပြီ၊

ကျွန်းပြန်ကြီးရေ့ 

ဒါ တို့ တိုင်းပြည်
ပဒိုမန်းရှာလို့  သူရဲကောင်းတွေနေတဲ့ တိုင်းပြည်ကွဲ့ ။

အရူးချီးပန်း ဘီလူးပန်းစီးကမ်းသူတွေနေတဲ့ တိုင်းပြည်မဟုတ်ဘူး။

တို့ တိုင်းပြည်ကြီး
စစ်ဘီလူးစီးတာ
အဲ့ဒါ့  ကရင့်လက်ချက်လို့ 
ရဲဘော်ဖန်းရှောင်းပြောလို့ ထွက်တယ်။

ဒါလား ကျွန်းပြန်ကြီးရဲ့ သမိုင်း
အဲ့ဒီသမိုင်း
ကိုးကိုးကျွန်းမှာ ပြန်ရေးပါ။
--------------------------------------
ခိုင်မာကျော်ဇော
၂၉ စက်တင်ဘာ၊ ၂၀၁၄